ပွင့်ဖြူ ၃၀ နိုဝင်ဘာ       

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ပြုလုပ်သည့် ကျန်းမာရေးအသိပညာပေး Myanmar Fitness Dance လက်ဆေးပါ အစီအစဉ်အား နိုဝင်ဘာ ၃၀ ရက်၊ ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။

 

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးအသိပညာပေး Myanmar Fitness Dance လက်ဆေးပါ အစီအစဉ်အား အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ် အားကစားမှူး ဦးရန်လင်းအောင်က အသိပညာပေးလုပ်ငန်း ဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်းပြီး ဆွေးနွေးပြောကြား သည်။

 

ထို့နောက် ကျန်းမာရေး အသိပညာပေး Myanmar Fitness Dance လက်ဆေးပါ အစီအစဉ်တွင် ပါဝင်ကူညီ ဆောင်ရွက်ကြသော ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာမှ ကျောင်းနေအရွယ်ကလေးများက အဖွဲ့(၃)ဖွဲ့ခွဲ၍ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လက်ဆေးပါ တေးသီချင်းဖြင့် သရုပ်ဖော်ကပြ ဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။

 

အဆိုပါ အသိပညာပေး အစီအစဉ်အား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်စာကြည့်တိုက် (Online Page) တွင် ထုတ်လွှင့် တက်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။   

ရဲဝင်းနိုင် (ညောင်ဦး)