ဘောဂလိ  ၂၅   နိုဝင်ဘာ   

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့  စည်ပင်သာယာရေးအဖွဲ့မှ  နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့်  မြို့သန့်ရှင်း သာယာလှပရေးနှင့်  ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးတွက်  ရေမြောင်းတူးဖော်ခြင်း၊ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများကို  ဘဏ္ဍာနှစ်အလိုက်  အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိပါသည်။          

 

ထိုသို့ မြို့သန့်ရှင်းသာယာလှပရေးနှင့်  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ  အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိရာ  ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်  ခွင့်ပြုရန်ပုံငွေဖြင့်  ဖူးကြာထူးလမ်း  ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို   နိုဝင်ဘာလ ဒုတိယပတ်တွင်  စတင်ဆောင်ရွက်လျက်ရှိရာ  ယခုအချိန်တွင်  (၁၀၀)ရာခိုင်နှုန်း  (ရာနှုန်းပြည့်) ပြီးစီးပြီဖြစ်ကြောင်း  သိရှိရသည်။

 

အဆိုပါ  ဖူးကြာထူးလမ်း  ကွန်ကရစ်ခင်းခြင်း  လုပ်ငန်းတွင်  မြို့စည်ပင်သာယာရေးအဖွဲ့မှ  သတ်မှတ်စံချိန်စံညွှန်း  ပြည့်မှီရေးအတွက်  အနီးကပ်ကြီးကြပ်   ဆောင်ရွက်ခဲ့ပြီး  အရှည်(၄၅၀)ပေ၊ အကျယ်(၁၂)ပေ၊  ထု  ၈ လက်မှရှိပြီး   ခွင့်ပြုရန်ပုံငွေကျပ်  (၁၂.၃)သန်း ရှိကြောင်း  သိရှိရသည်။

ဘောဂလိ(ပြန်/ဆက်)

 

 IMG_20201123_1525