ရေကြည်   ၂၅  နိုဝင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်ခရိုင်  ရေကြည်မြို့နယ်  အသုတ်မြို့  အမှတ်(၃)ရပ်ကွက်  ဗိုလ်ချုပ်လမ်းဘေးရှိ  မကျီးပင်တွင် ပျားများစွဲအုံနေပြီး  သွားလာနေသော  ပြည်သူများကို လိုက်လံထိုးနေသဖြင့်  ယမန်နေ့  ညနေ  ၃ နာရီနှင့် မီးနစ်သုံးဆယ်အချိန် မီးသတ်တပ်ဖွဲ့မှ လာရောက်ရှင်းလင်းသွားကြောင်း သိရသည်။

 

ပျားအုံက  ကျနော်တို့နေအိမ်ခြံတွင်းထဲက  မန်ကျည်းပင်မှာပါ  ပျားများစွဲအုံနေတာက ကြာပါပြီ  တစ်နှစ်ကျော်လောက် ရှိပြီ   သိန်းငှက်ကလာပြီး  ပျားဖွပ်တယ်ဆိုတော့  အဲ့ဒီပျားကလူတွေကို လိုက်ပြီးထိုးတာ  သိန်းငှက်က  ပျားဖွပ်တယ် ခေါ်တာပေါ့ဗျာ  သိန်းငှက်ကဝဲလိုက် အတောင်နဲ့ရိုက်လိုက် သားပေါက်ကလေးတွေကိုစားလိုက်  ပျားကတော့  ကျနော်တို့ သိသလောက်ကတော့  ပျားကြီးအုပ်စုထဲက  တောကြီးပျားပုံစံမျိုး   ပျားထိုးခံရတဲ့ သူနှစ်ယောက်တော့  အသုတ်တိုက်နယ် ဆေးရုံမှာသွားရောက်ပြီး ဆေးကုသခံနေရတယ်လို့  ဦးအောင်စိုးဝင်း  ကပြောသည်။

 

ယမန်နေ့ညနေ  ၃  နာရီခွဲအချိန်က  ရေကြည်မြို့နယ် မီးသတ်ဦးစီးအရာရှိ  ဦးစိုးနိုင်  ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ  အသုတ်မြို့ မီးသတ်တပ်ဖွဲ့များ  အသုတ်မြို့  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  မြို့အုပ်ချုပ်ရေးမှူး  ဦးပြည့်ဖြိုးပိုင်  တို့ကသွားရောက်ကာ  ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းသိရှိရသည်။

ဆန်းတင့် (ရေကြည်)