လေရှီး ၂၂ နိုဝင်ဘာ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်အတွင်းရှိ ဆွမ္မရာ-မိုပိုင်းလွတ်လမ်း၊ မြေလမ်းတာချဲ့ခြင်း (၇/၀) မိုင်နှင့် (၃၀ ပေ) တစ်လွှာတစ်ထပ်၊ သံဘောင်ဘေလီတံတား (၂)စင်း တည်ဆောက်ခြင်းလုပ်ငန်းများမှာ ရာနှုန်းပြည့်ပြီးစီပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လမ်းပေါ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပေ (၅၀) ကွန်ကရစ်တံတား (၂)စင်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ပြီး ၎င်းလမ်းသည် လေရှီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်တို့၏ အဓိက ဆက်သွယ်သည့် လမ်းဖြစ်သဖြင့် လေရှီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်များရှိ ဒေသခံပြည်သူများအတွက် ယခင်ကထက် လမ်းပန်းဆက်သွယ် ပိုမိုကောင်းမွန်လာသောကြောင့် ၎င်းဒေသတွင်နေထိုင်သည့် ဒေသခံ ပြည်သူလူထုများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုစီးပွားဘဝများ တိုးတက်မှုအတွက် များစွာအထောက်အကူ ပြုလျက်ရှိကြောင်း လေရှီးမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရှိရသည်။  

မွှေးကြူဇင်