ချီဖွေ    ၁၈  နိုဝင်ဘာ

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင် ရာဥပဒေ အသိပညာပေး Talk Show အစီအစဉ်ကို နိုဝင်ဘာ(၁၇)ရက် နံနက်(၉)နာရီခွဲက မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင် မျိုးမြင့်က Talk Show ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ် ဉပဒေ အရာရှိ ဦးကျော်စိုးသူက ကလေးသူငယ်များဆိုင်ရာ ဥပဒေ၊ ပြစ်မှု၊ ပြစ်ဒဏ်၊ အခွင့်အရေး၊ ကျန်းမာရေး နှင့် ပညာရေးအခွင့်အရေး ရပိုင်ခွင့်စသည့် ကလေးသူငယ်ဆိုင်ရာဥပဒေ သိကောင်းစရာများကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 

ချီဖွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေနှင့်  ဒေသခံပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် လစဉ် Talk Show ဆွေးနွေးအသိပညာပေး လုပ်ငန်းများကို သက်ဆိုင်သည့် ဌာနဆိုင်ရာများနှင့် အသိပညာပေး ဆောင်ရွက်လျက်ရှိသည်။

 

ယခု ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း နယ်မြေကွင်းဆင်း အသိပညာပေးမှုလုပ်ငန်းများ ခေတ္တရပ်ထားရခြင်းကြောင်း Talk Show အစီအစဉ်များကို ရိုက်ကူးပြီး Facebook Pageတွင် လွှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ယနေ့ ဆောင်ရွက်လျက်ရှိသော ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ဥပဒေအသိပညာပေး Talk Show ဆွေးနွေးသည့် ဗွီဒီယို ကလစ်များကို ပြည်သူများ အသိပညာ ရရှိစေရန်အတွက် ချီဖွေမြို့နယ် ပြည်သူ့စာကြည့်တိုက် Page တွင် လွှင့်တင်ပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ပြောကြားသည်။

 

ဇင်မာဝင်း(ပြန်/ဆက်)