ညောင်ဦး ၁၅ နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသတွင် ASEAN SDGs ၏ IGES ၏ guideline ဖြင့် ဆောင်ရွက်လျက်ရှိသော အမှိုက်ခွဲခြားစွန့်ပစ်မှု အသိပညာပေးခြင်း၊ လေ့ကျင့်ခြင်းပြုလုပ်ခဲ့သည့် ပုဂံရှေးဟောင်းယဉ်ကျေးမှု ဒေသအတွင်းရှိ ကျေးရွာ ၅ ရွာ ရလဒ်များကို စစ်ဆေးရန် ကြိုတင်ဆွေးနွေးခြင်းကို နိုဝင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက မြင်းကပါကျေးရွာ၊ ဓမ္မာရုံတွင်ပြုလုပ်ကြောင်း ညောင်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်ထံက သိရသည်။

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဒေသတွင် ASEAN SDGs ၏ IGES ၏ guideline ဆောင်ရွက်နေသော နေရာငါးနေရာဖြစ်သည့် ဝက်ကြီးအင်းရပ်၊ တောင်ဘီကျေးရွာ၊ မြင်းကပါကျေးရွာ၊ မင်းနန်သူကျေးရွာ၊ သူဌေးကန်ကျေးရွာတို့အား အမှိုက်ခွဲခြားစွန့်ပစ်မှု အသိပညာပေးခြင်းနှင့် လေ့ကျင့်ခြင်းပြုလုပ်ခဲ့သည့် နေရာငါးနေရာ လိုက်လံစစ်ဆေးရန် ကြိုတင်ဆွေးနွေးခြင်း၊ ကွင်းဆင်း၍ အချက်အလက် ကောက်ယူရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ ရက်သတ်မှတ်ခြင်းများကို ညောင်ဦးမြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ခိုင်မှ ဦးဆောင်၍ ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဆွေနှင့် ကမ်ပိန်းအဖွဲ့ အတွင်းရေးမှူး ဦးမိုးမင်းအောင်၊ ဦးတင်အောင်လှိုင်၊ စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်လွင်ဆွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စိတ်ဝင်စားသည့် ဧည့်လမ်းညွှန်များ စုစုပေါင်း (၂၀)ဦးသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်အတိုင်း ပြုလုပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မောင်မောင်ထိန်(ကျောက်ပန်းတောင်း)