ကလေးဝ  ၈  နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ယနေ့နံနက် ၆ နာရီက မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ မဲရုံများ၌ ကျင်းပပြုလုပ်ခဲ့ သည်။

 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ကလေးဝမြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင် ပြည်သူများက မိမိတို့ ရပ်ကွက်/ကျေးရွာများရှိ သက်ဆိုင်ရာ မဲရုံများသို့ သွားရောက်၍ စိတ်ချမ်းမြေ့စွာ ဆန္ဒမဲပေးလျက်သည်။

 

ထိုသို့ ဆန္ဒမဲပေးရာတွင် ဌာနဆိုင်ရာ တာဝန်ရှိအကြီးအကဲများ၊ ကျန်းမာရေးဌာနမှဝန်ထမ်းများ၊ မဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက မဲရုံများတွင် ဆန္ဒမဲလာရောက်ပေးသူ များအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ ဆန္ဒမဲပေးနိုင်ရေးအတွက် ကူညီဆောင် ရွက်ပေးလျက်ရှိကြောင်း ကလေးဝမြို့နယ်တွင် မဲရုံပေါင်း ၆၉ ရုံ ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၄၃၆၃၆ ဦး ရှိကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)