မင်းတပ် ၈ နိုဝင်ဘာ
မင်းတပ်မြို့နယ်အတွင်းရှိ မဲရုံပေါင်း(၁၁၆)ရုံးအား ယနေ့နံနက် ၆ နာရီအချိန်က စတင်ဖွင့်လှစ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ မဲဆန္ဒရှင်ပြည်သူများ လာရောက် မဲပေးလျက်ရှိသည်။
မင်းတပ်မြို့ပေါ်(၄)ရပ်ကွက်ရှိ မဲရုံများနှင့် ကျေးရွာအုပ်စုအတွင်းရှိ မဲရုံများ၌ သက်ဆိုင်ရာမဲရုံမှူး ဒုမဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များက နိုင်ငံရေးပါတီ ကိုယ်စားလှယ်များနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့များ၏ ရှေ့မှောက်တွင် ဆန္ဒမဲပုံးများ အလွတ်ဖြစ်ကြောင်းပြသ၍ ဆန္ဒမဲပုံးများအား လုံခြုံရေးကြိုးများဖြင့် ချိတ်ပိတ်ခြင်းများ ဆောင်ရွက်ပြီးနောက် မဲပေးခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခဲ့ကြသည်။
မင်းတပ်မြို့နယ်အတွင်း မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူ (၃၀၇၀၆)ဦး ရှိပြီး နိုဝင်ဘာလ ၇ ရက်နေ့အထိ မဲဆန္ဒရှင်(၃၇၉၇ )ဦး ကြိုတင်ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
ဆလိုင်းအောင်(ပြန်/ဆက်)


