ရှမ်းရွာသစ် ၇ နိုဝင်ဘာ
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ယမန်နေ့မွန်းလွဲပိုင်းအထိ ကြိုတင်ဆန္ဒမဲပေး လာရောက်ပေးသူ ၃၃၀ ရှိကြောင်း သိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲပေးခြင်းကို အသက်(၆၀)နှစ်နှင့် အထက်ရှိသူများ၊ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် မိမိအမည်စာရင်းပါရှိသော မဲဆန္ဒနယ်မှ ကျော်လွန်၍ မဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် ဝန်ထမ်းများတို့က ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၇ ရက်နေ့အထိ ဆောင်ရွက်ပေးခြင်းဖြစ်သည်။
ရှမ်းရွာသစ်မြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉)အုပ်စုတို့တွင် မဲရုံပေါင်း (၁၆)ရုံရှိပြီး ဆန္ဒမဲပေးပိုင် ခွင့်ရှိသူဦးရေမှာ (၁၂၃၈၂)ဦးရှိကာ ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၃၀ ရှိကြောင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရှိရသည်။
ဇင်လေး (ပြန်/ဆက်)


