လှိုင်းဘွဲ ၇ နိုဝင်ဘာ

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)တွင် အိမ်ထောင်စု (၂၂၂)စု၊ လူဦးရေ (၁၆၁၉)ဦးအတွက် အကျိုးပြုနိုင်မည့် သာယာကုန်းကျေးရွာအုပ်စု လက်ပံကုန်းကျေးရွာ ရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းကို ယမန်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရွာတွင်းကွန်ကရစ်လမ်း ခင်းခြင်းသည် လူထုဗဟိုပြု စီမံကိန်းမှ ထောက်ပံ့ငွေ (၂၄,၄၅၀,၀၀၀) ကျပ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပြီး (အရှည် ပေ ၁၀၈၀  x အကျယ် ၁၆ ပေ x ထု ၆ လက်မ) တို့ဖြင့် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် မြို့နယ်နည်းပညာ အကြံပေးအဖွဲ့တို့၏ စနစ်တကျလမ်းညွှန်မှု၊ လက်ထောက်နည်းပညာမှူး ဒေါ်ဝင်းဇာနည်ခိုင်၊ လူထုစည်းရုံးရေးမှူး စောသန်းကျော်လင်း တို့၏ အနီးကပ်ကြီးကြပ်မှူနှင့် ကျေးရွာသူ/ကျေးရွာသား တို့၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)