နိုဝင်ဘာ

ပြည်သူတွေစိတ်ထဲက နည်းနည်းစိတ်ပင်ပန်းလား မသိဘူး။ ဒါပေမယ့် သည်းခံရမယ်၊ တောင့်ခံရမယ်။ တောင့်ခံရမယ်ဆိုတာ တစ်ကမ္ဘာလုံးမှာ ဒီလိုဖြစ်နေတာ။ တချို့ နိုင်ငံတွေမှာဆိုရင် တတိယလှိုင်းလို့တောင် ခေါ်ရလောက်အောင် တော်တော်များများ၊ ကျယ်ကျယ်ပြန့်ပြန့် ရောဂါပိုးတွေ တွေ့နေတာတွေ ရှိပါတယ်။ ဒီနိုင်ငံအခြေအနေက အဆိုးဆုံးထဲမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အကောင်းဆုံးထဲမှာလည်း မဟုတ်ဘူး။ ၈ လပိုင်းမတိုင်ခင်တုန်းက အခြေအနေအကောင်းဆုံး နိုင်ငံတွေထဲမှာလို့ပြောလို့ရတယ်။ အခုအချိန်မှာတော့ ပြောလို့မရဘူး။ ဒါပေမယ့်လည်း အခုစပြီး ထိန်းနိုင်ပြီဆိုရင်တောင် အများကြီးတိုးတက်မှုလို့ ပြောလို့ရပါတယ်။

(Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီဉက္ကဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၃-၁၀-၂၀၂၀ ရက်နေ့တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်