ကျွန်းစု  ၃၁  အောက်တိုဘာ

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲကြီးအတွက် ကျွန်းစုမြို့နယ်အတွင်းရှိ ကြိုတင်မဲပေးပိုင်ခွင့် ရှိသူများအနေဖြင့် အောက်တိုဘာ ၂၉ ရက်နေ့က ဦးရေ ၁၇၆၀ လာရောက်မဲပေးခဲ့ပြီး ယနေ့နံနက်ပိုင်းတွင်လည်း ရပ်ကွက်/ ကျေးရွာများရှိ မဲရုံအသီးသီး၌ ကြိုတင်မဲပေးခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ကြိုတင်မဲပေးပိုင်ခွင့်ရှိသော ပြည်သူများအနေဖြင့် လာရောက်မဲပေးရာတွင် ကိုဗစ်-၁၉ ကာလအတွင်း၌ ရောဂါကူးစက်မှုမရှိစေရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ညွှန်းကြားချက်များအတိုင်း စီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ကြိုတင်မဲပေးပိုင်ခွင့်ရှိသူများ မဲရုံသို့လာရောက်ရန် အခက်အခဲရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအလိုက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက နေအိမ်၌ မဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မင်းကျော်စော (ပြန်/ဆက်)