စစ်ကိုင်း  ၃၁   အောက်တိုဘာ

စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု အစီအစဉ်ဖြင့် စိုက်ပျိုးထားသည့် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွင်း မျိုးကွဲပယ်ခြင်း ဒုတိယအကြိမ် လက်တွေ့ပြသခြင်းကို ပဲကတိုး ကျေးရွာ တောင်သူ ဦးဇော်မင်း၏ ဆင်းသုခမျိုးစေ့ထုတ် စိုက်ကွင်းတွင် ယမန်နေ့၊ ညနေပိုင်းက တောင်သူများအား လက်တွေ့သရုပ်ပြသပေးခဲ့ကြကြောင်း သိရသည်။

 

"ပန်းပွင့်ချိန်မှာ ဒုတိယအကြိမ် မျိုးကွဲပယ်ခြင်း ထိရောက်မှုရှိစေရန် လက်တွေ့ဆောင်ရွက်ပြသ ပေးတာပါ ဒီအချိန်က အလွန်အင်မတန် အရေးကြီးပါတယ် မျိုးကွဲပယ်ခြင်း စနစ်တကျဖြစ်မှ မျိုးကောင်း မျိုးသန့်စေ့များရရှိမှာ ပျိုးပင်ပေါက်ချိန်မှ ရိတ်သိမ်းသည်အထိ ပေါင်းမြက်ကင်းရှင်မှသာလျှင် မျိုးကောင်းရရှိ လာနိုင်မှာပါ စတင်စိုက်ပျိုးစဉ်ကတည်းက ခြောက်တန်းစိုက် တစ်တန်းလှပ်စိုက်ပျိုးရပါ တယ် အခုလိုမျိုးကွဲပယ်တဲ့အခါ စိုက်ခင်းအတွင်း သွားလာရေး လွယ်ကူပါတယ် သီးနှံတွေလည်း မထိခိုက်တော့ပါဘူး" ဟု မြိုနယ်စိုက်ပျိုးရေး ဦးစီးမှူး ဦးဇော်ဦးက ပြောပြ၍ သိရသည်။

 

စစ်ကိုင်းမြို့နယ်တွင် မိုးစပါးစိုက်ဧက (၂၆၂၀၀) ဧက ရှိသည့်အနက် မိုးစပါးမျိုးစေ့ထုတ် စိုက်ဧက (၃၇၀) ဧကကို ကျေးရွာပေါင်း(၂၈)ရွာမှ တောင်သူ(၁၂၇)ဦးတို့က စိုက်ပျိုးထားရှိကြောင်း သိရှိရသည်။

ဇော်မြင့်နိုင်