မကွေး ၃၁ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဆေးတက္ကသိုလ်(မကွေး)မှ လက်ထောက်ကထိက ဒေါက်တာ ထက်ထက်အောင် (ဆေးပညာ) ဦးဆောင်ကာ လက်ထောက် ဆရာဝန် (၄)ဦးနှင့်အတူ အထက်တန်းသူနာပြုနှင့် သူနာပြု ၂၀ ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီးရှိ COVID-19 ကုသရေးစင်တာများတွင် တာဝန်ထမ်းဆောင်ရန် အောက်တိုဘာ ၃၀ ရက်နေ့ ည ၁၁ နာရီအချိန်က မကွေးမြို့မှ ထွက်ခွာသွားကြောင်း သိရသည်။
အဆိုပါ လက်ထောက်ကထိက ဆရာဝန်ကြီး ဦးဆောင်သော အဖွဲ့သည် ရန်ကုန်မြို့ COVID-19 ရောဂါ ကုသရေးဌာနများဖြစ်သည့် ဒဂုံမြိုသစ် တောင်ပိုင်း၊ သုဝဏ္ဏ၊ ဒဂုံဆိပ်ကမ်းစသည့် ကုသရေး စင်တာများမှာ (၁)လတာ တာဝန်ထမ်းဆောင်ကြမည်ဖြစ်ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီးက ရန်ကုန်မြို့ COVID-19 ကုသရေးစင်တာတွေမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ (၅)ကြိမ်မြောက် စေလွှတ်ခဲ့တာဖြစ်ပါတယ်၊ ဒီကနေ့အထိ ရန်ကုန်တိုင်းဒေသကြီးမှာ တာဝန် ထမ်းဆောင်ဖို့ သွားရောက်ခဲ့တာ တိုင်းဒေသကြီးက ကျန်းမာရေးဝန်ထမ်း ၉၀ ကျော်ရှိပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်းက ပြောသည်။
သန်းနိုင်ဦး(ငဖဲ)


