ရန်ကုန် ၃၁ အောက်တိုဘာ
မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူကမ္ဘာသားများ၊ COVID-19 ကပ်ရောဂါဘေး ကင်းဝေးပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာရေး ရည်မျှော်တွေးလျက် ၁၃၈၂ ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့ (၃၁-၁၀-၂၀၂၀ ရက်နေ့)၊ နံနက် ၇ နာရီ မိနစ် ၂၀ အချိန်တွင် ထေရဝါဒဗုဒ္ဓသာသနာတော်၏ ဘူမိနတ်သန်အောင်မြေ အမှန်ဖြစ်သည့် ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ၊ ဆဋ္ဌသင်္ဂါယနာတင် သာသနာ့သမိုင်းဝင် မဟာပါသာဏလိုဏ်ဂူတော် သိမ်တော်ကြီး၌ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ အကျိုးတော်ဆောင်၊ သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး ၁၅ ပါးတို့သည် အန္တရာယ်ကင်း ပရိတ်တရားတော်များ၊ အန္တရာယိက အန္တရာယ်ကင်း ကမ္မဝါစာများ ရွတ်ဖတ်ပူဇော်ကြသည်။
#MRTV


