လေးမျက်နှာ ၂၈ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးအုပ်စု၊ ဈေးကလေးကျေးရွာတွင် အောက်တိုဘာလ ၂၆ ရက်က ကမ်းပြိုကျမှုကြောင့် ပြိုကျပျက်စီးသွားသော အိမ်ထောင်စုများအတွက် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ထောက်ပံ့ပေးအပ်ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ် ဒေါင့်ကြီးအုပ်စု၊ ဈေးကလေးကျေးရွာတွင် အောက်တိုဘာ ၂၆ ရက်၌ ငဝန်မြစ်ကမ်း တိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့သော အိမ်ခြေ (၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကျပ် ၇၀၀၀၀၀၊ လူဦးရေ (၁၈) ဦးတို့အတွက် ဆန်ရိက္ခာ ခုနှစ်ရက်စာ ထောက်ပံ့ငွေကျပ် ၃၇၈ဝဝ၊ စုစုပေါင်း ကယ်ဆယ်ရေး ထောက်ပံ့ငွေကျပ် ၇၃၇၈ဝဝ တို့ကို သက်ဆိုင်ရာတာဝန်ရှိသူများမှ အိမ်ထောင်စုများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)


