နတ်မောက် ၂၈ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကိုဗစ်-၁၉ လုပ်ငန်းများအတွက် အသုံးပြုနိုင်ရန် အလှူငွေများ လှူဒါန်းခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
အဆိုပါလှူဒါန်းခြင်းတွင် အလှူရှင်များဖြစ်သည့် DAWN MICROFINANCE နတ်မောက်ရုံးခွဲဝန်ထမ်း မိသားစုမှ စုပေါင်း၍ အလှူငွေ တစ်သိန်းအား နတ်မောက်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
လှဝင်း (နတ်မောက်)


