လှိုင်းဘွဲ ၂၈ အောက်တိုဘာ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ကရင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ကွပ်ကဲမှုအောက်ရှိ လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်မျိုးအောင်နှင့် အဖွဲ့ဝင်များသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး (ပြည်ထောင်စု)ရန်ပုံငွေဖြင့် လှိုင်းဘွဲမြို့နယ်အတွင်း ကမော့လဲ-တခွက်ဖိုး (ပန်းတောဖီး)ကျောက်လမ်း (၆ မိုင် ၄ ဖာလုံ) ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းအား ခွင့်ပြုရန်ပုံငွေကျပ် (၄၂၅)သန်းဖြင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ရာ လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေး(ပြည်ထောင်စု)ရန်ပုံငွေဖြင့် ကမော့လဲ-တခွက်ဖိုး(ပန်းတောဖီး) ကျောက်လမ်း(၆ မိုင် ၄ ဖာလုံ)အနက် ထပ်ပိုးကတ္တရာ (၁ မိုင် ၄ ဖာလုံ) ခင်းခြင်းနှင့် ၎င်းလမ်းပေါ်တွင် RC တံတား(၃၀)ပေ(၁)စင်း တည်ဆောက်ခြင်းလုပ်ငန်းအား ခွင့်ပြုရန်ပုံငွေကျပ် (၁၈၉ ဒသမ ၇၆၈) သန်းဖြင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။

 

အဆိုပါဒေသ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပေးမှုကြောင့် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အပါအဝင် လူမှုစီးပွား တိုးတက်ရေးအတွက် များစွာအထောက်အကူ ပြုသည့်အပြင် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာသဖြင့် မြို့ပြနှင့် ကျေးလက်လူမှု ဆက်ဆံရေး အားကောင်းစေပြီး အလုပ်အကိုင် အခွင့်အလမ်းများလည်း ပိုမိုးတိုးတက် လာစေကြောင်း လှိုင်းဘွဲမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)