ပင်လည်ဘူး ၂၈ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ငါးစားသုံးမှု မြှင့်မားစေရန်၊ ကျေးလက်နေပြည်သူများ ငါးများကို အလွယ်တကူ ရှာဖွေဖမ်းယူ စားသုံးနိုင်ရန်၊ မြို့နယ်အတွင်း ငါးသယံဇာတများ တိုးပွားစေရန်၊ ငါးလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက် လာစေရန် ရည်ရွယ်၍ ငါးကန်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို အောက်တိုဘာ ၂၇ ရက်နေ့က ကင်းပန်းကျေးရွာအုပ်စု ကံကုန်းကျေးရွာရှိ ကျေးရွာဖွံ့ဖြိုးရေး ရေလှောင်ကန်အတွင်းသို့ ငါးမျိုးစိုက်ထည့် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသက်နောင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခက်ခက်ဝေခိုင်နှင့် ဝန်ထမ်းများ၊ ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြကာ ကန်အတွင်းသို့ ငါးမြစ်ချင်း ငါးသန်ကောင်ရေ (၁၅၀၀၀) စိုက်ထည့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပင်လည်ဘူးမြို့နယ်တွင် တစ်ပိုင်တစ်နိုင် ငါးမွေးမြူရေး လုပ်ကိုင်ဆောင်ရွက်နေ့သည့် ငါးမွေးတောင်သူ (၁၅၄)ဦးရှိပြီး ငါးမွေးကန်ဧက (၉၅.၅၈)ဧက၊ ငါးကန်(၂၀၈)ခု မွေးမြူဆောင်ရွက်ထားရှိကြောင်း၊ လက်ရှိ ငါးမွေးမြူရေးလုပ်ကို ဆောင်ရွက်နေသူများမှာလည်း အဆင်ပြေလျက်ရှိကြောင်း မြို့နယ်ငါးလုပ်ငန်း ဦးစီးမှူး ဒေါ်ခက်ခက်ဝေခိုင်ထံမှ သိရသည်။
မျိုးလွင်(ပင်လည်ဘူး)


