ရေး ၂၃ အောက်တိုဘာ
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လူဝင်ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ရုံးနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်း၍ သစ္စာစီမံ ချက်ဖြင့် ကွင်းဆောင်ရွက်ပေးခဲ့သော ကျေးရွာနေပြည်သူများထံ တစ်ဦးချင်းလက်ဝယ်အရောက် နိုင်ငံသား စိစစ်ရေး ကတ်ပြားထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီက ရေးမြို့နယ် ဇီးဖြူသောင်ကျေးရွာ မူလတန်းကြိုကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
နိုင်ငံသား စိစိရေးကတ်ပြားများ ထုတ်ပေးရာတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမျိုးဝင်းက နိုင်ငံသားစိစစ်ရေး သက်သေခံကတ်ပြားကို စနစ်တကျကိုင်တွယ်ဆောင်ရွက်ရန်၊ နိုင်ငံတော်မှ သစ္စာစီမံချက်ဖြင့် ပြည်သူများထံ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းပြောကြားပြီး ၊မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းဝင်းက နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သူများ သိရှိလိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းလင်းပြောကြားပြီးနောက် ကျေးရွာပြည်သူ (၂၄၇) ဦးတို့ထံ နိုင်ငံသား စိစစ်ရေးကတ်ပြားများ လက်ဝယ်ပေးအပ်ကြသည်။
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းပါရှိပြီး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသူများကို သစ္စာစီမံ ချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးဆောင်ရွက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


