mdn

နေပြည်တော် ၂၁ အောက်တိုဘာ

 

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၏ ဆဋ္ဌမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ video conferencing စနစ်ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၂၀-၂၀၂၁) ကို နိုင်ငံတော်သမ္မတရုံးမှ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၀ ရက်တွင် အတည်ပြုပြီး ဖြစ်ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်  စက်တင်ဘာ ရက်တွင် လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီ သတ္တမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၂၁ ရက်တွင်လည်း လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးလုပ်ငန်းကော်မတီနှင့် UNICEF တို့ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ကျင်းပခဲ့ပါကြောင်း။

 

ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ပြန်လည်ထူထောင်ရေးဦးစီးဌာနတွင် တိုင်ကြားမှုများ လက်ခံစိစစ်ရေးရုံးအဖွဲ့ ဖွဲ့စည်းခြင်း၊ တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်များနှင့် အီးမေးလ်လိပ်စာများကို အသိပေးထုတ်ပြန်ခြင်း၊ တိုင်ကြားနိုင်ရန်အတွက် အမျိုးသားအဆင့် လုပ်ငန်းစီမံချက်အား နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ လွှတ်တော်ရုံးများ၊ အခြားအဖွဲ့အစည်းများဖြစ်သည့် ကလေးသူငယ်အခွင့် အရေးများဆိုင်ရာ အမျိုးသားကော်မတီ၊ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီများသို့ ဖြန့်ဝေထားပြီး ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှု တစ်ရပ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁၅ ရက်တွင် ကာကွယ်ရေးဝန်ကြီးဌာနမှ တိုင်း/ တပ်မ/ ကွပ်ကဲမှုဌာနချုပ်များသို့ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများ မပြုလုပ်စေရန်နှင့် တပ်မတော်သားများအနေဖြင့် ကျူးလွန်ခြင်းများ ဖြစ်ပွားလာပါက စစ်စည်းကမ်းအရ ထိရောက်စွာ အရေးယူသွားမည်ကို ထပ်ဆင့်ညွှန်ကြားထားပြီး ဖြစ်ကြောင်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာနမှလည်း ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီး ဖြစ်ကြောင်းကို သိရှိရပါကြောင်း။

 

လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးအတွက် အဓိကကျသည့် လုပ်ငန်းစဉ်တစ်ရပ်လည်းဖြစ်ပါကြောင်း၊ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် (၂၀၂၀-၂၀၂၁) အရ ဖွဲ့စည်းမည့် စောင့်ကြည့်စစ်ဆေးရေးနှင့် အကဲဖြတ်ရေး လုပ်ငန်းကော်မတီ (Monitoring and Evaluation Committee) ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များကို အတည်ပြုနိုင်ရန် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးအတွက် IEC Material များကို ဖြန့်ဝေနိုင်ရန် လူမှုဝန်ထမ်းဦးစီးဌာနနှင့် UNICEF တို့ လက်မှတ်ရေးထိုးထားသည့် Multi - Year   Work   Plan   အောက်မှ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းနှင့် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက် ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၂၀-၂၀၂၁) အား အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  တိုးတက်မှုရှိရန် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ၏ ဆောင်ရွက်ထားရှိမှုများနှင့် အမျိုးသားအဆင့် တိုင်ကြားမှု ယန္တရားအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် တက်ရောက်လာသူများက လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် သေကျေထိခိုက်ဒဏ်ရာရစေမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူး လွန်မှုများမှ ကာကွယ်တားဆီးနိုင်ရေး အမျိုးသားအဆင့် လုပ်ငန်းစီမံချက် (၂၀၂၀-၂၀၂၁) အား အကောင်အထည်ဖော်နိုင်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

 

ကုလသမဂ္ဂလုံခြုံရေးကောင်စီက သတ်မှတ်ထားသော လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှု () ရပ် (Six Grave Violations) ဖြစ်သည့် ကလေးသူငယ်များအား သေကျေထိခိုက်ဒဏ်ရာရစေခြင်း၊ အရွယ်မရောက်သေးသူများအား လက်နက်ကိုင်အဖွဲ့များသို့ စုဆောင်းခြင်း၊ ကျောင်းနှင့် ဆေးရုံများအား တိုက်ခိုက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်ခြင်း၊ ကလေးသူငယ်များအား ပြန်ပေးဆွဲခြင်းနှင့် ကလေးသူငယ်များအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့များ ပိတ်ပင်ခြင်းတို့ကို ကာကွယ်တားဆီးရန်အတွက် ရည်ရွယ်ပြီးလက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသောကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီ ကို နိုင်ငံတော်အစိုးရက ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ()ရက်တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

 

သတင်းစဉ်