ဘားအံ ၂၁ အောက်တိုဘာ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသောကြောင့် ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများအနက်မှ ၁၃ ဦးသည် ပြန်လည်ကျန်းမာလာ၍ အောက်တိုဘာလ ၂၀ ရက် နံနက်ပိုင်းက ဆေးရုံမှဆင်းသွားကြပြီဖြစ်ပြီး သက်ဆိုင်ရာနေရာများတွင် Home Stay (၇)ရက် ဆက်လက်နေထိုင်သွားရမည်ဖြစ်သည်။
ထိုသို့ ပြန်လည်ကျန်းမာလာ၍ ဆေးရုံမှဆင်းသွားသူများတွင် ကျန်းမာရေးဝန်ထမ်း ၇ ဦးပါဝင်ပြီး ဘားအံမြို့ အမှတ်(၂) ရပ်ကွက်မှ ၂ ဦး၊ အမှတ်(၁) ရပ်ကွက်မှ ၂ ဦး၊ လှိုင်းဘွဲမြို့နယ်မှ ၂ ဦးပါဝင်သည်။
ကရင်ပြည်နယ်တစ်ခုလုံးအနေဖြင့် အောက်တိုဘာလ ၂၀ ရက်ထိ ကိုဗစ် ၁၉ ပိုးတွေ့လူနာစုစုပေါင်း ၁၉၁ ဦး ရှိပြီဖြစ်ကာ သေဆုံးလူနာ ၂ ဦးရှိပြီး ပြည်နယ်အတွင်းဆေးရုံတက်ရောက်ဆဲ လူနာ ၁၀၁ ဦးရှိရာ ပြန်လည်ကျန်းမာလာ၍ ဆေးရုံကဆင်းသွားသူ ၉၀ ဦးရှိပြီးဖြစ်ကြောင်း ကရင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန Facebook Page မှ သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)


