အောင်လံ  ၂၀  အောက်တိုဘာ

 

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ်တွင်  CFAVC စီမံကိန်း ADFS လုပ်ငန်းများ အတွက် အကြိုစစ်တမ်းကောက်ယူခြင်း ကွင်းဆင်းစစ်ဆေး ဆောင်ရွက်မှုကို ယမန်နေ့ နံနက်(၁၀)နာရီက စီမံကိန်းဝင် ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

mdn

 

အဆိုပါ ဆောင်ရွက်မှုတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းမြင့်ဦးနှင့် ဝန်ထမ်းများ က မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာအကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ပံ့ပိုး ကူညီ၍ အပူပိုင်းဒေသရှိ တောင်သူလယ်သမားများ၏ အကျိုးစီးပွားဖြစ်ထွန်းလာစေရန်နှင့် ကောက်ပဲသီးနှံများကို တန်ဖိုးမြှင့်တင် ရောင်းချနိုင်သည့် စီးပွားရေးလုပ်ငန်းများ ပေါ်ပေါက်လာစေ ရန်ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်သည်။ 

 

စီမံကိန်းဝင်ကျေးရွာများဖြစ်သည့် ကျားသေကျေးရွာ၊ အလယ်ရွာကျေးရွာ၊ ရွာမထုံးကျေးရွာတို့မှ တောင်သူ (၂၅)ဦးအား တွေ့စုံ၍ ADFS စိုက်ပျိုးရေးဆိုင်ရာ Digital ငွေကြေးဝန်ဆောင်မှု လုပ်ငန်းများအတွက် စစ်တမ်းကောက်ယူခြင်းနှင့် မြေ၊ မျိုးပိုး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

မျိုးသိန်း(ပြန်/ဆက်)