ပုဇွန်တောင် ၂၀ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှမဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ သင်တန်းကို ယနေ့နံနက် (၉) နာရီက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရပါတယ်။
အဆိုပါ ရွေးကောက်ပွဲကို မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ ဦးမြလှိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက လိုအပ်သည်များကိုရှင်းလင်းပြောကြားခဲ့ကြောင်းသိရှိရပါတယ်။
မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ သင်တန်းကို သင်တန်းသာ(၅၂)ဦးကို (၂)ကြိမ်ခွဲ၍ သင်တန်း နည်းပြ (၂)ဦး မှသင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်။
နေခြည်(ပြန်/ဆက်)


