အင်းတော်   ၁၆  အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ မြို့တွင်းလမ်းများအား လမ်းပေါက်ဖာခြင်း၊ လမ်းဆုံလမ်းခွ နေရာများအား ပြင်ဆင်ခြင်းလုပ်ငန်းများကို အင်းတော်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အင်းတော်မြို့တွင်း လမ်းများဖြစ်သည့် ဦးကျော်လမ်း၊ မြကံသာလမ်းနှင့် ကုန်သည်လမ်းဆုံ ပြည်ထောင်စုလမ်းနှင့် သာယာလမ်း လမ်းဆုံနေရာတို့တွင် လမ်းပေါက်ဖာခြင်း၊ လမ်းဘေး ပုခုံးသားများအား ပြင်ဆင်ခြင်းလုပ်ငန်းများကို အင်းတော်မြို့နယ် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြို့တွင်းလမ်းများ သွားလာရာတွင် ပြည်သူများအနေဖြင့် ကောင်းမွန်စွာ သွားလာနိုင်ရေး၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးတို့အတွက် ရည်ရွယ်၍ ဆောင်ရွက် ပေးရခြင်း ဖြစ်ပါကြောင်း အင်းတော်မြို့နယ် စည်ပင်သာယာရေးကော်မတီ မြို့နယ်အမှုဆောင် အရာရှိ ဦးအေးမင်းထွန်းက ပြောပြခဲ့သည်။

 

မြို့နယ် ပြန်/ဆက်