ရန်ကုန် ၁၄ အောက်တိုဘာ
လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသောကာလအတွင်း ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမတော်မြို့နယ်တွင် ကိုဗစ်-၁၉ကာကွယ်တားဆီးနိုင်ရေးအတွက် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူတို့က အရှိန်အဟုန်မြှင့်၍ ဆောင်ရွက်လျက်ရှိရာ အ.ထ.က(၁) Community Based Facility Quarantine Centre တွင် အသွားအလာကန့်သတ် စောင့်ကြည့်သူများအားယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကိုဗစ် - ၁၉ ရောဂါ ကာကွယ် တားဆီး ထိန်းချုပ်ရေးအတွက် ယာယီစောင့်ကြည့်ရန် အသွားအလာ ကန့်သတ်ထားသော Community Based Facility Quarantine Centre တွင် ကန့်သတ်စောင့်ကြည့်သူ စုစုပေါင်း(၇၀)ဦး တို့၏နှာ ခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်အားရယူခဲ့ပြီး RDT(Rapid Diagnostic Test)ဖြင့် ကိုဗစ်-၁၉ရောဂါပိုး ရှိ၊မရှိစစ် ဆေးဆောင်ရွက်ခဲ့ရာ(၁၀)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးရှိပြီး (၆၀) တွင် ကိုဗစ်-၁၉ရောဂါပိုးမရှိကြောင်း သိရှိရသည်။
ကျော်ဆန်းမြင့် လမ်းမတော်(ပြန်/ဆက်)


