ရန်ကုန်   ၁၄      အောက်တိုဘာ

 

မြန်မာနိုင်ငံ တိုက်ကွမ်ဒိုအဖွဲ့ချုပ်နှင့် ကိုရီးယားသံရုံးတို့မှ ပူးပေါင်းကျင်းပမည့် မြန်မာ-ကိုရီးယား သံတမန် ချစ်ကြည်ရေး (၄၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ်( ONLINE TAEKWONDO POOMSAE CHAMPIONSHIP 2020) ပြိုင်ပွဲကို နိုဝင်ဘာ ၁ရက် ၂ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း  သိရသည်။

 

အဆိုပါ ပြိုင်ပွဲတွင် သက်တမ်းအလိုက် အမျိုးသား၊အမျိုးသမီးတစ်ဦးချင်း၊ သက်တမ်းအလိုက်တွင် ကာလာ အဆင့် နှင့် ကိုကီဝမ်ခါးစည်းအနက်အဆင့်ဟူ၍ နှစ်မျိုးခွဲကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ ထို့ပြင် အသက်(၁၀) နှစ်အောက် ကာလာအဆင့်(ကျား၊မ)တစ်ဦးချင်း ထေဂုတ်ကကွက်(၃)၊ အသက်(၁၀)နှစ်အောက် ခါးစည်းအနက် အဆင့်(ကျား၊မ)တစ်ဦးချင်း ထေဂုတ်ကကွက် (၆)၊ အသက်(၁၂)နှစ်အောက် ကာလာအဆင့်(ကျား၊မ) တစ်ဦးချင်း ထေဂုတ်ကွက်(၄)၊ အသက်(၁၂) နှစ်အောက် ခါးစည်းအနက်အဆင့်(ကျား၊မ) တစ်ဦးချင်းထေဂုတ် ကကွက်(၇)၊ အသက် (၁၄)နှစ် အောက် ကာလာအဆင့် (ကျား၊မ)တစ်ဦးချင်း ထေဂုတ်ကကွက်(၅)၊ အသက် (၁၄)နှစ် အောက် ခါးစည်းနက်အဆင့် (ကျား၊မ) တစ်ဦးချင်း ထေဂုတ်ကကွက်(၈)၊ အသက် (၁၆)နှစ်အောက် ကာလာအဆင့် (ကျား၊မ)တစ်ဦးချင်း ထေဂုတ်ကကွက်(၆)၊ အသက်(၁၆)နှစ်အောက် ခါးစည်းနက်အဆင့် (ကျား၊မ) တစ်ဦးချင်းကကွက်(ဂိုလီယို) ဖွမ်းဆေး အသက်(၁၈)နှစ်အောက် ကာလာအဆင့် (ကျား၊မ)တစ်ဦးချင်းယှဉ် ထေဂုတ်ကကွက်(၇)၊ အသက် (၁၈)နှစ်အောက် ခါးစည်းနက်အဆင့် (ကျား၊မ)တစ်ဦးချင်း ကကွက်(ဂွန်ဂမ်)ဖွမ်းဆေး၊ အသက်(၁၈)နှစ်အထက် ကာလာအဆင့် (ကျား၊မ)တစ်ဦးချင်း ယှဉ်ပြိုင်ရမည့် ထေဂုတ်ကကွက်(၈)၊ အသက်(၁၈)နှစ်အထက် ခါးစည်းနက်အဆင့် (ကျား၊မ)တစ်ဦးချင်း ကကွက်(ထေဘက်)ဖွမ်းဆေး၊ အထူးပြိုင်ပွဲ မာစတာများ အတွက် အသက်(၄၀)အထက် ခါးစည်းအနက်အဆင့် (ကျား၊မ)တစ်ဦးချင်း ကကွက်(ဖြောန်ဝမ်) ဖွမ်းဆေးပြိုင်ပွဲဝင် အသင်းများမှ ယှဉ်ပြိုင်သူများအနေဖြင့် Zoom အလှည့်ကျဖြင့် ပြိုင်ကြရမည်ဖြစ်‌ကြောင်း သိရသည်။

 

ယင်းယှဉ်ပြိုင်နေမှုများအား Live ထုတ်လွှင့်သွားမည်ဖြစ်ပြီး ပထမနေ့ ပြိုင်ပွဲကို နိုဝင်ဘာလ(၁)ရက်နေ့၊ နံနက်(၉)နာရီတွင်လည်းကောင်း၊ ဒုတိယနေ့ပြိုင်ပွဲကို နိုဝင်ဘာ (၂)ရက်နေ့တွင် နံနက် ၉ နာရီတွင် ဆက်လက်ယှဉ်ပြိုင်ပြီး မွန်းလွဲ ၂ နာရီမှ ၃ နာရီအထိ ယှဉ်ပြိုင်မှု ခေတ္တရပ်နားချိန်တွင် နှစ်နိုင်ငံချစ်ကြည်ရေး အထိမ်းအမှတ် အခမ်းနားပြုလုပ်မည် ဖြစ်သည်။

 

ပြိုင်ပွဲဝင်များ အနေဖြင့် ဆုရသူများအား Certificateနှင့်အတူ ပထမဆုအဖြစ် ကိုရီးယားဒိုဘုခ်ဝတ်စုံ ဒုတိယဆုအနေဖြင့် နှစ်ထပ်ခြေကန်ပက် ပူးတွဲ တတိယဆုအနေဖြင့် ရိုးရိုးခြေကန်ပက်တို့ကို ချီးမြှင့်သွားမည်ဖြစ်သည်။

 

ပြိုင်ပွဲဝင် အသင်းများ အနေဖြင့် ပြိုင်ပွဲဝင် အရေတွက်အကန့်သတ်မရှိ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင် လူဦးရေစာရင်းအား အောက်တိုဘာ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့ နောက်ဆုံးထား၍ ပေးပို့နိုင်‌ကြောင်း၊ ပြိုင်ပွဲနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မေးမြန်းသိရှိလိုပါက ဦးကျော်သန်းဦး (နည်းပြချုပ်)၊ နည်းစနစ်ကော်မတီ၊ ဖုန်း-09785070039 သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်‌ကြောင်း သိရသည်။

 

အာကာစိုး           

ပုံစာ- ဓာတ်ပုံ-အာကာလင်