၁၀ အောက်တိုဘာ
အမေရိကန်အဆိုတော်တေလာဆွစ်ဖ်ကတော့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဘယ်သူကို ထောက်ခံမလဲဆိုတာကို တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပါ တယ်။
လာမယ့်နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မှာတော့ ဒီမိုကရက်တစ်သမ္မတလောင်း ဂျိုးဘိုင်ဒင်ကိုမဲပေးမယ်လို့ တေလာဆွစ်ဖ်က ကြေညာခဲ့ပါတယ်။ အခုအချိန် ပြည်သူတွေလိုအပ်နေတဲ့ အပြောင်းအလဲကတော့ အသားရောင်မရွေး၊ ကျားမမရွေးလုံခြုံစိတ်ချရမှုနဲ့ ထိုက်တန်တယ်လို့ အသိအမှတ်ပြုပေးမယ့် သမ္မတကို ရွေးကောက်ဖို့ပါပဲလို့ တေလာဆွစ်ဖ်က ၎င်းရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။
တစ်ကမ္ဘာလုံးဆိုင်ရာကျန်းမာရေးပြဿနာနဲ့ ပြည်သူတွေရဲ့ ကျန်းမာရေး ကိုဦးစားပေးဆောင်ရွက်ပေးမယ့် အစိုးရမျိုးရဖို့ လူတိုင်းနဲ့ ထိုက်တန်တယ်။ ဒီအရာတွေအားလုံးကို လုပ်ဆောင်ဖို့ ပထမဆုံးလုပ်ရမယ့် အလုပ်ကတော့ ဒီပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းလိုတဲ့ ခေါင်းဆောင်ကောင်းရွေးချယ်ဖို့ပဲလို့ တေလာဆွစ်ဖ်က ပြောပါတယ်။ တေလာဆွစ်ဖ်ဟာ ၂၀၁၈ ခုနှစ်မတိုင်မီ အချိန်ထိ နိုင်ငံရေးနဲ့ပတ်သက်တဲ့၎င်းရဲ့ အမြင်ကို ထုတ်ဖော်ပြောကြားလေ့မရှိဘဲ တိတ်တဆိတ်သာ နေလေ့ရှိပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲကာလမှာတော့ တေလာဆွစ်ဖ်ဟာ ဒီမိုကရက်တစ်အမတ်လောင်းတွေကို ထောက်ခံအားပေးခဲ့ပါတယ်။
စီအင်န်အင်န်