သရက်  ၉  အောက်တိုဘာ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့ ပြည်သူ့ဆေးရုံနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် သရက်မြို့နယ် ပညာရေးမိသားစုမှ အလှူငွေပေးအပ်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက သရက်မြို့ပြည်သူ့ဆေးရုံတွင် ကျင်းပခဲ့သည်။    

ထိုသို့လှူဒါန်းရာတွင် သရက်မြို့နယ်ပညာရေးမိသားစုမှ လှူဒါန်းသည့် ငွေကျပ်(၁၄)သိန်းကို မြို့နယ်ပညာရေးမှူး ဒေါ်နွဲ့နွဲ့ဆန်းမှ ပေးအပ်လှူဒါန်းခဲ့ရာ ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်ရွှေအောင် က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်း လွှာများပေးအပ်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အလားတူ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ မြို့နယ်ပညာရေးမိသားစုမှ ငွေကျပ် (၁၀)သိန်း ပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်း လွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ဝမ်းထွန်း(ပြန်/ဆက်)