ပြည်    ၉  အောက်တိုဘာ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်၊ သစ်ပင်ပြိုလဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုများကြောင့် ပြည်မြို့နယ်၊ မှော်ဇာအုပ်စု၊ ကြို့ပင်ကျေးရွာရှိ အမိုးလန် နေအိမ် (၁)လုံး၊ နှောကန်အုပ်စု၊ သဲကောကျေးရွာရှိ နေအိမ်(၁) လုံး သစ်ပင်ပိ၍ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ပြီး ဝက်ထီးကန်ကျေးရွာအုပ်စုတွင် အမိုးလန်နေအိမ် (၄)လုံး၊ သစ်ပင်ပိ တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၁) လုံး၊ မှုတ်ရှည်အုပ်စုတွင် အမိုးလန်နေအိမ် (၁)လုံး၊ သဘာဝတရားရိပ်သာ ဘုန်းတော်ကြီးကျောင်းဆောင် (၁) လုံးနှင့် သစ်ပင်ပိနေအိမ်(၁) လုံး တစ်စိတ်တစ်ပိုင်းပျက်စီးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ 

အဆိုပါဖြစ်စဉ်ကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့တို့မှ လိုအပ်သည်များ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိပြီး လေပြင်းတိုက်ခတ်မှုကြောင့် အခြားလူနှင့် တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။ 

(ခရိုင် ပြန်/ဆက်)