ရန်ကုန်  ၈   အောက်တိုဘာ

မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂက  ပြန်ကြားရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉‌ ရောဂါကာလအတွက် ထောက်ပံ့ခဲ့သော ကျပ်သိန်း ၅၀ ထဲမှ ကျပ် ၁၀ သိန်းကို မြန်မာနိုင်ငံ အားကစား မီဒီယာများအဖွဲ့ချုပ်ကို ခွဲဝေလှူဒါန်းခဲ့သည်။

 

အဆိုပါအလှူငွေ ၁၀ သိန်းကို မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ဦးဝဏ္ဏ (ဆရာမာဂျေ)က အောက်တိုဘာ ၆ ရက် မွန်းလွဲပိုင်းတွင် ပေးအပ်ခဲ့ရာ မြန်မာနိုင်ငံအားကစားမီဒီယာများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဖေဒီက လက်ခံရယူခဲ့သည်။

အာကာစိုး