ပြင်ဦးလွင်၌ အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့်  ဆုချီးမြှင့်ပွဲကျင်းပ

၂၀၂၀ ပြည့်နှစ် ပြင်ဦးလွင်မြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို  ယမန်နေ့ မွန်းလွဲ ၃ နာရီက ပြင်ဦးလွင်မြို့  အနီးစခန်း  ရွှေထိပ်တန်း ဖူဆယ်ဘောလုံးကွင်း၌  ကျင်းပပြုလုပ်ခဲ့သည်။
Uganda International 2020 ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ သက်ထားသူဇာ ဆီမီးဖိုင်နယ်တက်ရောက်

ရန်ကုန်နှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက် သရေကျ
၂၀၂၀ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၇) ဒုတိယနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ ရန်ကုန်နှင့် ရှမ်းယူနိုက်တက်၊ ဇွဲကပင်နှင့် ရခိုင်အသင်းတို့ သရေကျခဲ့ပြီး Southern အသင်း ပထမဆုံး နိုင်ပွဲရရှိခဲ့သည်။
ဇီးကုန်းမြို့နယ်၌ အားကစားပြိုင်ပွဲများ ကျင်းပ
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်  ဇီးကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားပြိုင်ပွဲများ၊ လူရွေးပွဲများ၊ မြို့နယ်တွင်းပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (TSDP) အရ မြို့နယ်အားကစားနှင့်ကာယပညာ ကော်မတီ ဉက္ကဌဖလား (ဘော်လီဘော၊ ရိုးရာခြင်း၊ စားပွဲတင်တင်းနစ်နှင့် စစ်တုရင်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက် နေ့လည် ၂ နာရီက ဇီးကုန်းမြို့နယ် ပြည်သူ့အားကစားကွင်း ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် (၁/၂၀၂၀) နွေရာသီ အခြေခံရေကူးသင်တန်းဖွင့်လှစ်မည်
၂၀၂၀ ရာသီ Myanmar National League အမှတ်ပေးပြိုင်ပွဲ ဘောလုံးပွဲစဉ် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်
ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်း မတ် ၁၂ ရက် စတင်လေ့ကျင့်မည်
မြန်မာ့လက်ရွေးစင်အသင်းသည် မတ်လတွင်ယှဉ်ပြိုင်ရမည့် ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ဒုတိယအဆင့် ယှဉ်ပြိုင်ရန် မတ် ၁၂ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။