ဆင်နှစ်ကောင်တင်လာသည့် ယာဉ်အား ၁၂ ဘီးကုန်တင်ယာဉ်မှအရှိန်လွန်ဝင်တိုက်မိ လွတ်ထွက်သွားသည့် ဆင်နှစ်ကောင်အား ညတွင်းချင်း ထိန်းကြောင်းဖမ်းဆီးနိုင်ခဲ့

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့၊ အမှတ် ၈၉ သစ်စက်အနီး ရန်ကုန်-မန္တလေး ကားလမ်းတွင် စက်တင်ဘာ ၂ ရက်နေ့ ည ၈ နာရီခွဲခန့်က ဆင်နှစ်ကောင်တင်ဆောင်လာသည့် ယာဉ် သည် လမ်းဘေးချရပ်၍ ရပ်တန့်နားနေစဉ် လမ်းကြောင်းတူ မောင်းနှင်လာသော ၁၂ ဘီးကုန်တင် ယာဉ်မှအရှိန်လွန်ဝင်တိုက်မိခဲ့သဖြင့် နှစ်ဦးသေဆုံးကာ လွတ်ထွက်သွားသည့် ဆင်နှစ်ကောင်အား ညတွင်း ချင်းရှာဖွေထိန်းကြောင်း ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ 
စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ
ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁ ရက်အတွင်း .........
ရထားသံလမ်း ၂ ကြားပုဆိုးခြုံအိပ်ပျော်နေသူ စက်ခေါင်းကြိတ်မှုဖြစ်ပွား
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မီးရထားဘူတာကြီး၌ တာဝန်ပြီးဆုံး၍ စက်ခေါင်းရုံအတွင်း သိမ်းဆည်းရန် မောင်းနှင်လာသော ရထားစက်ခေါင်းက ရထားသံလမ်း ၂ ခု ကြားအိပ်ပျော်နေသူအား စက်ခေါင်းကြိတ်မှု ဖြစ်ပွားကြောင်း သိရသည်။
မြစ်ကြီးနားမြို့ပေါ်တွင် လုယက်မှုများနှင့် မြစ်ကြီးနား ကမ္ဘောဇဘဏ်ခွဲ လုယက်မှု ကျူးလွန်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီးရမိ
မြစ်ကြီးနားမြို့ပေါ်တွင် သြဂုတ် ၆ ရက်က လုယက်မှု ကျူးလွန်သူများကို ဖမ်းဆီးရမိခဲ့ကြောင်း နှင့် ယခင် လုယက်မှုကျူးလွန်သည့်ဖြစ်စဉ်ကိုပါ ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
သန်လျင်၌ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားရာ လူ ၂၀ ဒဏ်ရာရ
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့၊ ခြောက်လမ်းသွားလမ်းမကြီး၌ သြဂုတ် ၃၀ ရက် ညနေ ၅ နာရီအချိန်ခန့်က ကိုယ်ပိုင်ယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားရာ ..............
ထီးချိုင့်မြို့နယ်တွင် အမျိုးသမီးတစ်ဦး မိုးကြိုး ထိမှန်သေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ ရွှေအင်ကြင်းကျေးရွာတွင် အမျိုးသမီးတစ်ဦး မိုးကြိုးထိမှန် သေဆုံသွားကြောင်း သိရသည်။
အင်းတော်မြို့နယ်တွင် အမျိုးသားတစ်ဦး ရထားကြိတ် သေဆုံးခဲ့
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် နတ်မဟုတ်ကလေးကျေးရွာအနီးတွင် အမျိုးသားတစ်ဦးရထားကြိတ် သေဆုံးသွားခဲ့ကြောင်း သိရသည်။