စစ်တွေမြို့ရှိ အသုံးမပြုတော့သော တက္ကသိုလ်ကျောင်းဟောင်း၌ မီးလောင်မှုဖြစ်ပွား

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ မောလိပ်ရပ်ကွက်ရှိ ယခင်တက္ကသိုလ်ကျောင်းဖွင့်လှစ်ခဲ့သည့် ကျောင်းဝင်းအတွင်း ကျောင်းဆောင် နှစ်ဆောင် ယနေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
လောက်ကိုင်၊ သန္နီ၊ မဘိမ်း မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၈ ရက်က လောက်ကိုင်မြို့နယ်၊ ရန်လုံကျိုင်းကျေးရွာအဝင်ရှိ ညောင်ပင်အနီး၊ လောက်ကိုင်-ရန်လုံကျိုင်းသွားလမ်းတွင် လမ်းလျှောက်လာသူ တရုတ်နိုင်ငံသား လော်ယီရွှီး အားရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၄,ဝ၀ဝ ကို သိမ်းဆည်းရမိခဲ့သည်။
ဆီဆိုင်နှင့် မိုင်းပျဉ်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၁၅ ဧက ဖျက်ဆီး
ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၈ ရက်က ဆီဆိုင်မြို့နယ်၊ ထီတယမ်းကျေးရွာ၏ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၁၂ ဧကခန့်နှင့်  မိုင်းပျဉ်းမြို့နယ်၊ ဟွေမူ(၂)ကျေးရွာ၏ တောင်ဘက်၃ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၃ ဧကခန့်တို့အား ဖျက်ဆီးခဲ့ကြကြောင်း
ပုသိမ်ကြီးမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားကာ လူတစ်ဦး ဒဏ်ရာရ
ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၉၅)ရှိ ခြံအတွင်း ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီ ၅၄ မိနစ်ခန့်တွင် ဆီပေပါများချရာမှ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား၊ နေအိမ်သုံးလုံး မီးလောင်ဆုံးရှုံး
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၈၉ လမ်းနှင့် ၉၀ လမ်း၊ ၄၄ လမ်းနှင့် ၄၅ လမ်းကြား၊ သပြေညွန့်ရပ်တွင် ဖေဖော်ဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီ ၄၃ မိနစ်က ဘုရားစင်ရှိ ရောင်စုံမီးစက်ြာတွင် လျှပ်စစ်ဝိုင်ယာကြိုးများ အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းခဲ့ပြီး မွန်းလွဲ ၂ နာရီ ၃ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
ဘားအံမြို့နယ်၊ ဇာသပြင်-ဘားအံ ကားလမ်းဘေးရှိ ဆီဂိုဒေါင်တစ်လုံး မီးလောင်မှုဖြစ်ပွား

ဇန်နဝါရီလအတွင်း မီးလောင်မှုများအနက် လျှပ်စစ်မီးပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့သော မီးလောင်မှုသည် အများဆုံးဖြစ်
မန္တလေးခရိုင်တွင် ဇန်နဝါရီလအတွင်း မီးလောင်မှုများအနက် လျှပ်စစ်မီးပေါ့ဆမှုကြောင့် ဖြစ်ပွားခဲ့သော မီးလောင်မှုသည် အများဆုံးဖြစ်ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံးမှ သိရသည်။