ဆီဆိုင်နှင့် မိုင်းပျဉ်းမြို့နယ်တို့၌ ဘိန်းစိုက်ခင်း ၁၅ ဧက ဖျက်ဆီး

နေပြည်တော် ၉   ဖေဖော်ဝါရီ 

ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၈ ရက်က ဆီဆိုင်မြို့နယ်၊ ထီတယမ်းကျေးရွာ၏ အနောက်မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ အမြင့် ၁ ပေခွဲခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၁၂ ဧကခန့်နှင့်  မိုင်းပျဉ်းမြို့နယ်၊ ဟွေမူ(၂)ကျေးရွာ၏ တောင်ဘက်၃ မိုင်ခန့်အကွာ၌ အမြင့် ၁ ပေခန့်ရှိ သီးပွင့်ဆဲ ဘိန်းခင်းစုစုပေါင်း ၃ ဧကခန့်တို့အား ဖျက်ဆီးခဲ့ကြကြောင်း ရဲပြန်ကြားမှ သိရသည်။

(သတင်းစဉ်)