ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တုံကင်ပင်လယ်ကွေ့တွင် ဖြစ်ပေါ်နေသော အပူပိုင်း မုန်တိုင်း“စင်လကု”(Sinlaku)သည် ဗီယက်နမ်နိုင်ငံအထက်ပိုင်းကမ်းခြေကို ဖြတ်ကျော်ခဲ့ပြီး၊ (Thanh Hoa)မြို့အနီးတွင် တည်ရှိနေပါသည်။ အဆိုပါ အပူပိုင်းမုန်တိုင်း“စင်လကု”(Sinlaku)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ၊ လာအိုနိုင်ငံပေါ်တွင် အပူပိုင်းမုန်တိုင်းငယ် အဖြစ်သို့ အားလျော့သွားမည်ဟု ခန့်မှန်းရပါသည်။