မိုင်းပန်မြို့အနီး ၃ ဒသမ ၉ အဆင့်ရှိ မြေငလျင်လှုပ်ခတ်

နေပြည်တော် ၃ ဩဂုတ်

 

ယနေ့ မြန်မာစံတော်ချိန် ၂ နာရီ၊ ၂၅ မိနစ်၊ ၄၂ စက္ကန့်အချိန်တွင် နမ့်စန်မြေငလျင်စခန်းမှ အရှေ့တောင်ဘက် (၄၉)မိုင် ခန့်ကွာဝေးသော၊ မြန်မာနိုင်ငံပြည်တွင်း (မိုင်းပန်မြို့၏ မြောက်-အရှေ့မြောက်ဘက် (၁၅)မိုင် ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၀.၅၃) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၈.၄၃)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး ၃ ဒသမ ၉ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

MDNTop of Form

Bottom of Form