ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ဟားခါးမြို့တွင် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်း အရှိန်အဟုန်မြှင့် ဆောင်ရွက်

ချင်းပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန် ချက်ဖြင့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဟားခါးမြို့နယ် မီးသတ်ဦးစီးဌာနက ဟားခါးမြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးများ၊ အများပြည်သူနှင့်သက်ဆိုင်သည့် နေရာများအား ပိုးသတ်ဆေး  ဖျန်းခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။      
လွိုင်ကော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက် 
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် မြို့နယ်အဆင့် Coronavirus Disease 2019 (COVID-19)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင် ကယားပြည်နယ် ၊  လွိုင်ကော်မြို့နယ်အတွင်းရှိ လူသွားလူလာများသော နေရာများတွင် ခရီးသွားပြည်သူများအား နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်း၊ လက်ကမ်းစာစောင်ဖြန့် ဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ် ဒဂုံရိပ်သာဈေး၌ ပြည်သူများအား လက်သန့်ဆေးရည်၊ Mask များ ပေးဝေ
ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့နယ်၊  ဦးဝိစာရရပ်ကွက် ဒဂုံရိပ်သာဈေး၌ ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူများအား သိရှိလိုက်နာကြစေရန် အတွက်ဈေးအတွင်း လူစုလူဝေးဖြင့် ဈေးဝယ်ရောင်းချခြင်းမပြုရန် အသိပညာပေးခြင်းနှင့် လက်သန့်ဆေးရည်၊ Mask များ အခမဲ့ပေးဝေခြင်းတို့ကို ယနေ့နံနက် ၇ နာရီက ဒဂုံရိပ်သာဈေးတာဝန်ခံ ဦးအောင်ကိုလတ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောမင်းသန်းတို့က ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး စနစ်တကျ စီမံဆောင်ရွက်ထားရှိ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ရုံးဝန်ထမ်းများနှင့် လျှပ်စစ်မီတာခ လာရောက် ပေးဆောင်ကြသည့် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးအတွက် စနစ်တကျ စီမံဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတင့်ဇော် ထံမှ သိရသည်။
ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဘောလုံးကွင်းအတွင်း ယာယီဈေး ဖွင့်လှစ်ရောင်းချ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့မဈေးနှင့် မျှော်စင်ဈေးမှ သား၊ ငါးနှင့် ကုန်စိမ်းဈေးသည်များအား ဘောလုံးကွင်းအတွင်း ပြောင်းရွှေ့ပြီး ဧပြီ ၂၀ ရက်၊ နံနက်ပိုင်းက စတင်၍ ယာယီဈေး ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း မြို့နယ်စည်ပင် သာယာရေးကော်မတီ အမှုဆောင်အရာရှိ ဒေါ်ခိုင်ခိုင်စိုးထံမှ သိရသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန(ရန်ကုန်)သည် (၁၉-၄-၂၀၂၀) ရက်နေ့တွင် စုစုပေါင်း (၃၆၉) ဦးတို့၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ (၄)ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိရပြီး ကျန် (၃၆၅)ဦးတွင် COVID-19 ရောဂါပိုးမတွေ့ရှိကြောင်း (၁၉-၄-၂၀၂၀)ရက်နေ့၊ ည (၁၁:၁၅) သတင်းတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ရက်တိုးမြှင့်သတ်မှတ်သည့် ပန်ကြားချက်များ လှည့်လည်ကြေညာပေး
ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည့် ပြည်သူများသို့ ထုတ်ပြန်ကြေညာသည့် ပန်ကြားချက်အား ဧပြီ ၂၀ မှ ဧပြီ ၃၀ ရက် ည ၁၂ နာရီထိ ထပ်မံ၍ ဧပြီ ၁၅ ရက် နေ့တွင် ရက်တိုးမြှင့်သတ်မှတ်ရာ ပန်ကြားချက်အား ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယမန်နေ့ မွန်းလွဲပိုင်းတွင် ဂန့်ဂေါမြို့ပေါ်ရပ်ကွက်များ၌ လှည့်လည်အသိပေးကြေညာသည်။