ဗိုင်းရပ်စ်ကူးစက်မှု တွေ့ရှိပြီးနောက် အက်ဘာဒင်းန်မြို့ကို အသွားအလာ ပြန်လည် ကန့်သတ်

စကော့တလန်အစိုးရက အက်ဘာဒင်းန်မြို့မှာ ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိသူ ၂၄ နာရီအတွင်း ၅၀ ကျော်သွား တဲ့အတွက် မြို့ကို မနေ့(ဗုဒ္ဓဟူးနေ့) ကစပြီး အသွားအလာကန့်သတ် လိုက်ကြောင်း  စကော့တလန်ဝန်ကြီးချုပ် နီကိုလာ စတာဂျင် က ပြောကြား လိုက်ပါတယ်။