ကိုဗစ် -၁၉ ရောဂါပိုးရှိသူ  နှစ်ဦးထပ်မံတွေ့ရှိ ရောဂါပိုးရှိသူ စုစုပေါင်း ၃၅၅ ဦးရှိပြီ

နေပြည်တော် ဩဂုတ် ၃

ယနေ့တွင်  ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ နှစ်ဦးထပ်မံတွေ့ရှိသဖြင့် ယနေ့အထိ ရောဂါပိုးရှိသူ စုစုပေါင်း  ၃၅၅ ဦးရှိပြီဖြစ်ပြီး   ပိုးတွေ့ရှိသူနှစ်ဦးမှာ ကာတာနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများ ဖြစ်ကြသည်။

ရောဂါပိုးတွေ့ရှိသူ ၃၅၅ ဦးအနက် သေဆုံးသူ ၆ ဦး၊  ပိုးမတွေ့ရှိတော့သူ ၃၀၂ ဦး၊ ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သူ ၂၈၇ ဦးနှင့် ဩဂုတ် ၂ ရက် မွန်းတည့် ၁၂ နာရီမှ ဩဂုတ် ၃ ရက်မွန်းတည့် ၁၂ နာရီအတွင်း စောင့်ကြည့်လူနာအသစ် ၂၁ ဦး ရှိကြောင်း  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ယနေ့ထုတ်ပြန်ချက်များအရ သတင်းရရှိသည်။ 

သတင်းစဉ်