နေပြည်တော် မြို့မဈေးတွင် ဆိုင်ခန်းတစ်ခန်း မီးလောင် အခြားဆိုင်ခန်းများသို့ ကူးစက်လောင်ကျွမ်းမှု မရှိ

နေပြည်တော် မြို့မဈေး အနောက်မြောက်ဘက်ထောင့်ရှိ “သူ့ထက်” နန်းစိန် ကိတ်နှင့် လက်ဆောင်ပစ္စည်းရောင်းဝယ်ရေးဆိုင်၌ ယနေ့ည ၉နာရီ ၄၅ မိနစ်ခန့်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ည ၁၀ နာရီ ၂၂ မိနစ်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့ပြီး အခြားဆိုင်ခန်းများသို့ ကူးစက် လောင်ကျွမ်း မှု မရှိခဲ့ကြောင်းသိရသည်။