သုံးလကြာ ခေတ္တပိတ်ထားခဲ့သော တိုကျို စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်

တိုကျိုမြို့ရှိ မူလတန်းနှင့် အလယ်တန်းကျောင်းများကို တနင်္လာနေ့တွင် သုံးလအတွင်း ပထမဆုံး ပြန်လည်ဖွင့်လှစ်ခဲ့သည်။
မြောက်ကိုရီးယားမှာ ကျောင်းတွေ ပြန်ဖွင့်မယ်လို့ သိရ
ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရန်အတွက် မြောက်ကိုရီးယားနိုင်ငံက  ကျောင်းတွေ ပိတ်ထားခဲ့ရာ ဒီလအတွင်း ပြန်ဖွင့်မယ်လို့ ဒီနေ့(တနင်္လာနေ့) မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အယ်ဆာဗေဒိုးနိုင်ငံတွင် အပူပိုင်းမုန်တိုင်းကြောင့် ၁၁ ဉီး သေဆုံး
အယ်ဆာဗေဒိုးနိုင်ငံတွင် အပူပိုင်းမုန်တိုင်း အာမန်ဒါကြောင့် အပျက်အစီးများရှိခဲ့ပြီး လူပေါင်း ၁၁ ဉီး သေဆုံးခဲ့ကြောင်း အယ်ဆာဗေဒိုး အစိုးရက မေလ ၃၁ ရက်တွင် ပြောကြားခဲ့သည်။
ပါကစ္စတန် သံတမန်တွေကို သူလျှိူလုပ်ဆောင်တယ်လို့ စွပ်စွဲပြီး အိန္ဒိယနိုင်ငံကနေ နှင်ထုတ်ခံရ
အိန္ဒိယနိုင်ငံ နယူးဒေလီရှိ ပါကစ္စတန်ကောင်စစ်ဝန်ရုံးမှ ဝန်ထမ်းနှစ်ဦးဟာ သူလျှိူလုပ်ဆောင်တဲ့အတွက် နိုင်ငံကနေ နှင်ထုတ်လိုက်ရကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး တနင်္ဂနွေနေ့ညပိုင်းက ပြောကြားပါတယ်။
ကမ္ဘာတစ်ဝန်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ၆ ဒသမ ၁ သန်းကျော်ရှိလာ
ကမ္ဘာတစ်ဝှမ်းတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြု ကူးစက်မှုသည် ယမန်နေ့က ၆ ဒသမ ၁ သန်း အထိ မြင့်တက်လာသည်။
အိုင်အက်စ်စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် အာဖဂန်ရုပ်သံ ဝန်ထမ်းနှစ်ဉီး သေဆုံး
အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်တွင် အိုင်အက်စ်စစ်သွေးကြွများက မီနီဘတ်စ်ကားတစ်စီးအား တိုက်ခိုက်ခဲ့ရာ ဒေသန္တရ ရုပ်သံဌာနတစ်ခုမှ ဝန်ထမ်းနှစ်ဉီး သေဆုံးခဲ့သည်။
အရှေ့တောင်အာရှနှင့် တောင်အာရှ နိုင်ငံများတွင် အသွားအလာ ကန့်သတ်မှုများ ဖြေလျှော့
အရှေ့တောင်အာရှနှင့် တောင်အာရှနိုင်ငံများတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ထိန်းချုပ်ရန် ချမှတ်ထားသော အသွားအလာ ကန့်သတ်မှုများ ဖြေလျှော့ပေးနေသည်။