အယ်ဆာဗေဒိုးနိုင်ငံတွင် အပူပိုင်းမုန်တိုင်းကြောင့် ၁၁ ဉီး သေဆုံး

၁ ဇွန်

 

အယ်ဆာဗေဒိုးနိုင်ငံတွင် အပူပိုင်းမုန်တိုင်း အာမန်ဒါကြောင့် အပျက်အစီးများရှိခဲ့ပြီး လူပေါင်း ၁၁ ဉီး သေဆုံးခဲ့ကြောင်း အယ်ဆာဗေဒိုး အစိုးရက မေလ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

 

မြေပြိုခြင်း၊ ရေကြီးခြင်းနှင့် ရေလွှမ်းမိုးမှုများကြောင့်  သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးအေဂျင်စီက ပြောကြားခဲ့သည်။

 

ဂရန်းဒီးလပ်စ်ရှိ ဆန်ဂျူနီအော့ကို ခရိုင်တွင် ရေလွှမ်းမိုးခြင်းကြောင့် မိသားစုတစ်စုမှာ ရေထဲသို့ မျှောပါသွားပြီး သုံးဉီး သေဆုံးခဲ့သည်။

 

အယ်ဆာဗေဒိုးပြည်နယ် အတွင်းရှိ ခရိုင်ငါးခုတွင်လည်း သေဆုံးမှုများ ရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

 

မုန်တိုင်းကြောင့် အမေရိကန်ပြည်ထောင်စု၏ အနောက်ပိုင်းတွင် အိမ်ခြေ ၂၀ဝ ခန့်မှာ ရေလွှမ်းမှုများ ဖြစ်ပေါ်ခဲ့ပြီး သစ်ပင် ၁၀ဝ ခန့်မှာ အမြစ်မှ ကျွတ်ပါခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း အဆိုပါ အေဂျင်စီက ပြောကြားခဲ့သည်။ လူတစ်ဉီးမှာလည်း ပျောက်ဆုံးနေဆဲ ဖြစ်သည်ဟု ဆိုသည်။

 

မုန်တိုင်းကြောင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လွယ်ကူစေရန်အတွက် တစ်နိုင်လုံးကို သတိပေးမှုနှင့်အတူ ၁၅ ရက်ကြာ အရေးပေါ် အခြေအနေအဖြစ် အယ်ဆာဗေဒိုးသမ္မတ နာရက်ဘ်ဘူကီလီက ကြေညာခဲ့သည်။

 

ပျက်စီးသွားသည့် နေအိမ်များအတွက် အာဏာပိုင်များက ယာယီတဲအိမ် ၁၀ ခု ဆောက်လုပ်ပေးထားသည်ဟု ဆိုသည်။

 

ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေချိန်နှင့် မုန်တိုင်းဖြစ်ပေါ်နေချိန်တို့ တိုက်ဆိုင်နေသောကြောင့် အရေးကြီးသည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြည်ထဲရေးဝန်ကြီးဖြစ်သူ မာရီယိုဒူရမ်က ပြောကြားခဲ့သည်။

 

လာမည့် နာရီအနည်းငယ် အတွင်း၌လည်း မိုးသည်းထန်စွာ ရွာသွန်းနိုင်မည်ဟု မျှော်လင့်ရကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သတိပေးပြောကြားခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်