ဗင်နီဇွဲလားသမ္မတရဲ့ သားလည်း ဗိုင်းရပ်စ်ပိုးကာကွယ်ဆေး စမ်းသပ်ခံမယ်
ဗင်နီဇွဲလားသမ္မတ မာဒူရို ရဲ့ သားလည်း ရုရှားထုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး Sputnik V ဆေးစမ်းသပ်ရာတွင် ပါဝင်မယ်လို့ တနင်္ဂနွေနေ့က သမ္မတက ထုတ်ပြန် ပြောကြားပါတယ်။
အဇာဘိုင်ဂျန်နှင့် အာမေးနီးယား တိုက်ခိုက်မှုထပ်မံဖြစ်ပွား အရပ်သား ၃၅ ဦး အပါအဝင် လူ၂၄၀ ကျော်သေဆုံး
အဇာဘိုင်ဂျန်နှင့်အာမေးနီယားတပ်ဖွဲ့များအကြား အငြင်းပွားရာနယ်မြေနှင့်ပတ်သက်ပြီး တိုက်ခိုက်မှုထပ်မံဖြစ်ပွားသဖြင့် အရပ်သားသေဆုံးမှုများ များပြားလာသည်။
ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ ထရမ့်က ဆေးရုံကဆင်းပြီး ထောက်ခံသူတွေကို သွားရောက် နှုတ်ဆက်တဲ့အတွက် ဝေဖန်ခံနေရ
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့အတွက် ဝေါ့တားရီဒ် စစ်ဆေးရုံမှာ ဆေးကုသနေရပေမယ့် ဆေးရုံအပြင်မှာရှိတဲ့ သူ့ထောက်ခံသူတွေကို သွားရောက်နှုတ်ဆက်ခဲ့တဲ့အတွက် ဒေါသတကြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
နယူးယောက်မြို့ရှိဒေသများတွင် ကန့်သတ်ပိတ်ဆို့မှု ပြန်လည်ချမှတ်
နယူးယောက်မြို့ရှိဒေသများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါကူးစက်မှုများ ပြန်လည်ဖြစ်ပွားနေသဖြင့် ကန့်သတ်ပိတ်ဆို့မှုဆိုင်ရာစီမံချက်များ ပြန်လည်ချမှတ်ရန် နယူးယောက်မြို့က စီစဉ်နေသည်။