ဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ ထရမ့်က ဆေးရုံကဆင်းပြီး ထောက်ခံသူတွေကို သွားရောက် နှုတ်ဆက်တဲ့အတွက် ဝေဖန်ခံနေရ

၅ အောက်တိုဘာ

 

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့အတွက် ဝေါ့တားရီဒ် စစ်ဆေးရုံမှာ ဆေးကုသနေရပေမယ့် ဆေးရုံအပြင်မှာရှိတဲ့ သူ့ထောက်ခံသူတွေကို သွားရောက်နှုတ်ဆက်ခဲ့တဲ့အတွက် ဒေါသတကြီး ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

 

သမ္မတဟာ ဆေးပညာဆိုင်ရာ စည်းမျဉ်းကို ချိုးဖောက်ပြီး ကျည်ကာကားရဲ့ ပြတင်းပေါက်ကနေ ထောက်ခံသူတွေကို လက်ပြနှုတ်ဆက်ခဲ့ပါတယ်။ အခုလို လုပ်ဆောင်တာက သမ္မတဟာ သူ့အစိုးရပြဋ္ဌာန်းထားတဲ့ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းကို ချိုးဖောက်ခဲ့တာဖြစ်ပြီး သမ္မတကို ကာကွယ်ပေးနေတဲ့ Secret Service မှ ဝန်ထမ်းတွေကို အန္တရာယ်ရှိအောင် လုပ်ဆောင်ခြင်း သာဖြစ်ကြောင်း ကျွမ်းကျင်သူတွေက ဝေဖန်ပြောဆိုပါတယ်။

 

ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းအရ ဗိုင်းရပ်စ်ကူးစက်ခံရသူဟာ ကုသမှုခံယူနေစဉ်မှာ တစ်ဦးတစ်ယောက်တည်းနေထိုင်ရမှာဖြစ်ပါတယ်။

 

သမ္မတရဲ့ ယာဉ်တန်းမှာ လိုက်ပါခဲ့သူတွေအားလုံးဟာ အခုဆိုရင် ၁၄ ရက်တိတိ စောင့်ကြည့်မှု (quarantine) အောက်မှာ နေထိုင်ရမှာဖြစ်ကြောင်း ဂျော့ဝါရှင်တန်တက္ကသိုလ်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆေးပညာရှင် ဂျိမ်းစ် ဖိလစ်က ပြောပါတယ်။

 

ပညာရှင် ဖိလစ်က ယာဉ်တန်းမှာ လိုက်ပါခဲ့သူတွေဟာ ထရမ့်ရဲ့ နိုင်ငံရေးစတန့် အတွက် နေမကောင်းဖြစ်နိုင်သလို အဆိုးဆုံးအနေနဲ့ သေနိုင်တဲ့အထိဖြစ်လာကြောင်း ဆက်ပြောပါတယ်။

 

အိမ်ဖြူတော်ပြောခွင့်ရသူကတော့ ထရမ့် နဲ့ ဝန်ထမ်းတွေဟာ သင့်တော်တဲ့ ကာကွယ်မှုကို ခံယူထားကြောင်းနဲ့ အခုလိုလုပ်ရန် ဆေးကုသရေးအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ လုပ်ဆောင်တာဖြစ်ကြောင်း ပြောပါတယ်။

 

MDN

ကိုးကား- AFP