သီရိလင်္ကာသမ္မတ ရာထူးနုတ်ထွက်စာ တင်သွင်း

သီရိလင်္ကာသမ္မတ ဂိုတာဘာယာ ရာဂျက်ပက်ဆာသည် သမ္မတရာထူးနုတ်ထွက်စာတင်သွင်းခဲ့သည်ဟု သီရိလင်္ကာလွှတ်တော်ဥက္ကဋ္ဌရုံး၏ ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။ 
တောင်ကိုရီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၃၉၁၉၆ ဦး ထပ်မံတွေ့ရှိ
တောင်ကိုရီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၉၁၉၆ ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါကူးစက်ခံရသူပေါင်း ၁၈၆၄၁၂၇၈ ဦး အထိ မြင့်တက်လာကြောင်း ကျန်းမာရေးဆိုင်ရာတာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။
ဗီယက်နမ်နိုင်ငံ၌ ၂၀၂၂ ခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ခံရသူ  ၁၀၀၀၀၀ ကျော်ရှိလာ
ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် လက်ရှိအချိန်အထိ သွေးလွန်တုပ်ကွေးရောဂါကူးစက်ခံရသူ ၁၀၃၀၀၀ ကျော်ရှိလာပြီး ထိုရောဂါကူးစက်ခံရမှုကြောင့် ၃၇ ဦး သေဆုံးခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားသည်။
ကင်ညာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူပြီးသူဦးရေ ၁၉ သန်းရှိ
ကင်ညာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပြည်သူ ၂၇ သန်းအား ထိုးနှံပေးရန်စီစဉ်ထားရာ  ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ ၁၉ သန်းရှိပြီဖြစ်ကြောင်း ကင်ညာကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။
နိုင်ဂျီးရီးယားနိုင်ငံ၌ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ခြောက်ဦးသေဆုံး
နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ဂျီဂါဝါပြည်နယ်တွင် လေပြင်းမုန်တိုင်းတိုက်ခတ်သဖြင့် လူခြောက်ဦးသေဆုံးပြီး အခြား ၆၅ ဦး ဒဏ်ရာရရှိခဲ့သည်ဟု အရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီက ယမန်နေ့ကပြောကြားသည်။
အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၆၉၀၆ ဦး ထပ်မံတွေ့ရှိ
အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၉၀၆ ဦး ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
သီရိလင်္ကာသမ္မတ  နိုင်ငံမှထွက်ပြေး
သီရိလင်္ကာလေကြောင်းတပ်ဖွဲ့၏ ပြောကြားချက်အရ သမ္မတသည် ၎င်း၏ဇနီး၊ သက်တော်စောင့် နှစ်ယောက်နှင့်အတူ စစ်လေယာဉ်တစ်စင်းဖြင့် ယနေ့မနက်အစောပိုင်းက မော်လ်ဒိုက်နိုင်ငံသို့ ထွက်ပြေးသွားသည်ဟု သိရသည်။