ကင်ညာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုခံယူပြီးသူဦးရေ ၁၉ သန်းရှိ

ဇူလိုင် ၁၄

 

ကင်ညာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ပြည်သူ ၂၇ သန်းအား ထိုးနှံပေးရန်စီစဉ်ထားရာ  ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ ၁၉ သန်းရှိပြီဖြစ်ကြောင်း ကင်ညာကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့က ပြောကြားခဲ့သည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၁၉ ဒသမ ၀၁ သန်းထိုးနှံပြီးဖြစ်ရာ ၎င်းတို့အနက် ကိုဗစ်ကာကွယ်ဆေး ၁၆ ဒသမ ၈ သန်းကို အရွယ်ရောက်သူများအားလည်းကောင်း၊ ကျန်ကာကွယ်ဆေးများကို အသက် ၁၅ မှ ၁၈ နှစ် (ဆယ်ကျော်သက်)အရွယ်များအားလည်းကောင်း ထိုးနှံပေးပြီးဖြစ်သည်ဟု ထိုဝန်ကြီးဌာနက ဆိုသည်။

 

အဆိုပါဝန်ကြီးဌာန၏ ပြောကြားချက်အရ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအပိုဆောင်းထို းနှံမှုခံယူပြီးသူဦးရေ ၅၃၅၀၀၀ ရှိကြောင်း သိရသည်။

 

နိုင်ငံတစ်ဝန်းရှိ အရွယ်ရောက်သူ ၈ ဒသမ ၇ သန်းခန့်နှင့် ဆယ်ကျော်သက်အရွယ် ၃၆၉၈၃၅ ဦးတို့အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံပေးပြီးဖြစ်သည်။

 

ကင်ညာနိုင်ငံတွင် ယနေ့အချိန်အထိ Moderna, Astrazeneca, Sinopharm, Johnson & Johnson နှင့်  Pfizer ကာကွယ်ဆေးများအပါအဝင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၂၇ ဒသမ ၈ သန်း လက်ခံရရှိပြီး ဖြစ်သည်။

 

ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၃၉ ဦးရှိသဖြင့် နိုင်ငံအတွင်း ကိုဗစ်ရောဂါကူးစက်ခံရသူပေါင်း ၃၃၂၂၉၆ ဦး ရှိသည်ဟု အတည်ပြုထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို