အင်းစိန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း ဆောင်ရွက်

ရန်ကုန်တိုင်ဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် မကူးစက်နိုင်သော ရောဂါများ မဖြစ်ပွားစေရန် ရည်ရွယ်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူသူ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းကို
ဒက္ခိဏသွေးလှူရှင်အသင်းမှ ရွှေဘိုမြို့ ချီပါစုရပ်ကွက်ရှိ အိမ်ထောင်စု(၂၀၀)ကျော်အတွက်  အခြေခံစားသောက်ကုန် ပစ္စည်း(၅)မျိုး ထောက်ပံ့
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊အမှတ်(၇)ရပ်ကွက်၊ ချီပါစုရပ်ကွက်ရှိ အမှန်တကယ်လိုအပ်လျက်ရှိသော အိမ်ထောင်စု(၂၀၀)ကျော်အား အခြေခံစားသောက်ကုန် ပစ္စည်း(၅)မျိုးကို ‌ယနေ့နံနက်(၁၀)နာရီက အဆိုပါ ရပ်ကွက်ရှိ နေရဗာန်ကျောင်းတိုက်၌ ဖြန့်ဝေလှူဒါန်းခဲ့သည်။
မိုးမောက်မြို့နယ် နန့်ကျရီချောင်းကူး နှစ်လွှာတစ်ထပ် ဘေလီတံတား ဆောက်လုပ်မည့်နေရာအား ကွင်းဆင်းစစ်ဆေး
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တည်ဆောက်မည့် မိုးမောက်မြို့နယ် နန့်ကျရီ ချောင်းကူး နှစ်လွှာတစ်ထပ် ဘေလီတံတား ဆောက်လုပ်မည့်နေရာအား ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်လင်းအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရှမ်းရွာသစ်မြို့ မဲကတောခီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်း ခြံစည်းရိုးကာရန်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်
ကရင်ပြည်နယ် ဘားအံခရိုင် ရှမ်းရွာသစ်မြို့တွင် ပညာရေးဦးစီးဌာနခွင့်ပြုရန်ပုံငွေဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းမှစ၍ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု မဲကတောခီးကျေးရွာအခြေခံပညာ မူလတန်းကျောင်းဝင်းတွင် ခြံစည်းရိုးကာရန်ခြင်းလုပ်ငန်းများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ဒူဝါဘွမ်ယွန်လမ်း  ဖွင့်ပွဲကျင်းပ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်အတွင်း ငွေကျပ် သိန်း(၂၃၀)အကုန်အကျခံကာ မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပြီးစီးသည့် ဒူဝါဘွမ်ယွန်လမ်း ဖွင့်လှစ်ခြင်းကို ဒီဇင်ဘာ ၂၂ ရက် နံနက် ၈ နာရီခွဲက အဆိုပါလမ်းပေါ်တွင် ကျင်းပပြုလုပ်ခဲ့
ကျောက်ဖြူမြို့တွင် ကိုဗစ်ကာလအတွင်း ဒေသထွက် ငါးတံခွန်ခြောက်များရောင်းအားကောင်း
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်ကာလအတွင်း ဒေသထွက် ငါးတံခွန်ခြောက်များမှာ ဝယ်ယူသူ များပြားလျက်ရှိပြီး ရောင်းအားကောင်းကြောင်း ငါးခြောက်လုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးထံမှ သိရသည်။    
ခရစ်စမတ်ပွဲတော်အား Covid-19 သတ်မှတ်စည်းကမ်းများနှင့်အညီ အွန်လိုင်းမှတစ်ဆင့် ကျင်းပသွားမည်
ဒီဇင်ဘာ ၂၅ ရက်တွင် ကျရောက်မည့် ခရစ်တော်၏မွေးနေ့အခါသမယ ခရစ္စမတ်နေ့အထိမ်းအမှတ်ကို မြစ်ကြီးနားမြို့ပေါ်တွင် ကြိုတင်ပြင်ဆင်မှုများရှိထားပြီး လက်ရှိဖြစ်ပွားနေသည့် Covid-19 ရောဂါ ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် ရောဂါကြိုတင် ကာကွယ်ရေး စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း