ကျပ်သိန်းထောင်ချီ ကုန်ကျသည့် “ရောင်ပြန်”ဇာတ်ကား ပရိသတ်များအတွက် ရသစုံပေးစွမ်းမည်
သုဒြာရုပ်ရှင်ထုတ်လုပ်ရေးမှ ထုတ်လုပ်ရိုက်ကူးပြီး ဒါရိုက်တာ လူမင်းဖန်တီးတင်ဆက်ကာ နိုင်ငံကျော် အမျိုးသမီး သရုပ်ဆောင်လေးဦး ပါဝင်သရုပ်ဆောင်ထားသည့် Reflection (ရောင်ပြန်) အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ယခုလ ၁၇ ရက်တွင် ရုံတင်ပြသသွားမည် ဖြစ်ကြောင်းသိရသည်။