ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်၌ ယိမ်းအဖွဲ့များ၊ တိုင်းရင်းသားရိုးရာအကအလှများနှင့်အတူ အနုပညာရှင်များ ဖျော်ဖြေမည်

ရန်ကုန် ၆ ဧပြီ

 

၁၃၇၉ ခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်ရေသဘင်ဗဟိုမဏ္ဍပ်ကြီး၌ မဟာသင်္ကြန် အကြိုနေ့မှစ၍ အတက်နေ့ထိ နေ့စဉ် နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီထိနှင့် ညနေ ၃ နာရီမှ ည ၁၀ နာရီအထိ ယိမ်းအကများ၊ တိုင်းရင်းသားရိုးရာယိမ်းအကများနှင့် ရုပ်ရှင် ၊ သဘင်၊ ဂီတအနုပညာရှင်များမှ တေးသံသာများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်သွားမည်ဖြစ်သည်။

 

ထို့အပြင် မဟာဗန္ဓုလပန်းခြံလမ်း၊ ကန်တော်ကြီးမြေပဒေသာကျွန်းမှ ငါးပြတိုက်ဟောင်း ပန်းခြံတို့အကြား လမ်းလျှောက်သင်္ကြန်ကိုလည်း စတုဒီသာမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များနှင့် အကအလှများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ မြို့တော်နေပြည်သူများ အနေဖြင့်နှစ်သစ်တွင် စိတ်လက် ပျော်ရွှင်ကြည်နူးစွာဖြင့် အပန်းဖြေကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဖျော်ဖြေမည့် အနုပညာရှင်များအနေဖြင့် ရုပ်ရှင်အစည်းအရုံးမှ ချိုပြုံး၊ ခင်သဇင်၊ ဂျင်းနီ၊ ဇေရဲထက်၊ လင်းဇာနည်ဇော်၊ ထွန်းထွန်းဝင်း၊ မေကဗျာ၊ ဧကရီ၊ ဖူးစုံ၊ မိုးပွင့်ဖြူဟန်၊ မေမြတ်နိုး၊ မေအိန္ဒြေစတား၊ ထားထက်ထက်၊ မိုးပွင့်ဖြူ၊ ဂျူးစံသာ၊ နေရီဝင်းလဲ့၊ ပွင့်၊ ဟေသာလင်းလက်၊ နန်းမြတ်ဖြိုးသင်း၊ နှင်းဦးဝေ၊ ဝါဝါအောင်၊ အောင်ခိုင်၊ နေနော်၊ ညီထွဋ်ခေါင်၊ ရန်အောင်၊ နေမျိုးအောင်၊ နေဒွေး၊ နေထူးနိုင်၊ မြသင်းချယ်၊ ဖြိုးငွေစိုး၊ ပိုင်းဖြိုးသု၊ ဆုပန်ထွာ၊ လှမျိုးသဉ္ဇာနွယ်၊ ခိုင်နှင်းငွေ၊ ချစ်စနိုးဦး၊ မေမြတ်နိုး၊ နန်းရွှေရည်၊ ပိုးအိအိခန့်၊ စန္ဒီမြင့်လွင်၊ ပန်ဆုပြည့်ကျော် တို့ကဖျော်ဖြေမည်ဖြစ်သည်။


 
ဂီတအစည်းအရုံးမှလည်း ဂရေဟမ်၊ တူးတူး၊ ဟေမာနေဝင်း၊ ရေဗက္ကာဝင်း၊ ရတနာဦး၊ ခင်ဘုဏ်း၊ ယုဇန၊ နန်းဆုရတီစိုး၊ G-Fatt၊ ဖြိုးပြည့်စုံ၊ နေမင်းအိမ်၊ ဂျက်မြသောင်း၊ ဂျူဝယ်လ်၊ တင်ဦးလေး၊ သန်းမြတ်စိုး၊ ဝိုင်းလမင်းအောင်၊ မေသက်ထားဆွေ၊ အိအိချွန်၊ မျိုးထက်၊ ဆူမို၊ နဒီ တို့ပါဝင်ခဲ့သည်။


 
ညပိုင်းဖျော်ဖြေမှုတင်ဆက်မှုအနေဖြင့် သဘင်အစည်းအရုံးမှ မြို့ရွှေမန်းသားဖိုုးချစ် အပါအဝင် သစ္စာ မေတ္တာရွှေမန်းသဘင်မှ မင်းသားရွှေမန်းချမ်းသာ၊ သြရအောင်၊ စွမ်းညီညီ၊ မဟာရန်ကုန်စံပြသဘင်မှ မင်းသားဟန်ဇာမိုးဝင်း၊ အဂ္ဂါမိုးဝင်း၊ တင်ဇာမိုးဝင်း၊ အငြိမ့်ဖျော်ဖြေမှုအနေဖြင့် မင်းသမီး ဟန်နွေငြိမ်း၊ ဝင်းသပြေထွန်း၊ ဇွဲရတီတို့အပြင် 5 Star ၊ ဟားငါးကောင်၊ ဇွဲအဖွဲ့လူရွှင်တော်များကလည်း အားဖြည့်ပါဝင် ဖျော်ဖြေကြမည်ဖြစ်သည်။

 

MDN